မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံမမြို့နယ် သရက်-ကံမလမ်းပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ရေနံ့သာတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားတည် ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခြောက်ပင်ကျေးရွာရှိ တောင်သူ ဦးညွန့်လှိုင်နှင့် တောင်သူ(၅)ဦး တို့၏ စံပြစိုက်ဧက (၁၀)ဧကတွင် စိုက်ပျိုးထားရှိသည့် ဆင်းပဒေသာ (၁၁)အမျိုးအစား ဆောင်းမြေပဲ သီးနှံအား ဂျစ်ပဆန် ထည့်သွင်းခြင်းကို ကြည့်ရှုအား ပေးပြီး မြေပဲစိုက် တောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များ အား သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ကံမမြို့အမှတ် (၃) ရပ်ကွက်ရှိ ယွန်းကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တကောဝိဒ ထံသို့ ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာနှင့် သင်္ကန်းတို့အား ဆက်ကပ်လှူဒါန်းပြီး မင်းတုန်းမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်၊