မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနား တတ်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနား တတ်ရောက်

မကွေး ဖေဖော်ဝါရီ ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ် များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲ အခမ်းနားကို ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ် ၃ နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားကာ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က “ပြည်ထောင်စု” ဆိုသည်မှာ ပြည်နယ်နှင့်တိုင်းကို ပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့အစည်းက စီမံအုပ်ချုပ်သည့်နိုင်ငံဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူဝါဒပေါင်းစုံဖြင့် ပေါင်းစည်းနေထိုင်ကြသည်နှင့်အညီ တိုင်းပြည်သာယာဝပြောရန် စည်းလုံးညီညွတ်မှုသည် အလွန် အရေးကြီးကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး သာယာဝပြောရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရာမှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းရဲ့ စိတ်နှလုံးမှာ ပြည်ထောင်စု စိတ်ဓာတ်ကို နှလုံးသွင်း နိုင်မှသာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထာဝရရှင်သန်ရပ်တည်နိုင် မှာဖြစ်ကြောင်း၊ မျက်မှောက် ကာလတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ တိုင်းရင်းသား ပြည်သူများအကြား သွေးခွဲမှု၊ ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးခွဲ သပ်လျှိုပေးမှုများကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုလျော့ရဲပြီး လက်နက်ကိုင် ပဋိပက္ခများအထိ ဖြစ်ပေါ်လာခဲ့ကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စု၏ ညီအစ်ကို မောင်နှမများ ဖြစ်သည်နှင့်အညီ အရေးကြီးချိန်တွင် သွေးစည်းညီညွတ်ကြပြီး အဖျက်အန္တရာယ်ကို သတိမူကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ နယ်မြေအေးချမ်းသာယာဝပြောရေးကို လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စည်းလုံး ညီညာ အောင်ကြောင်းဖြာ ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူများ၏ စည်းလုံးညီညွတ်မှု ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်းမှုကြောင့် ဒေသတည်ငြိမ် အေးချမ်းပြီး မူလအခြေအနေထက် ပိုမိုသာလွန်သော ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့် ဒေသများ ဖြစ်လာပြီး ပြည်ထောင်စုကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသ လူမှုစီးပွား တိုးတက်ရေး၊ ဒေသလုံခြုံအေးချမ်းရေး လုပ်ငန်းများကို ပြည်ထောင်စု စိတ်ဓာတ်အခြေခံပြီး ဝိုင်းဝန်း လက်တွဲ‌ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြား သည်။

ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအားလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအားလည်းကောင်း၊ ဦးစီးဌာနအဆင့် ပန်းချီပြိုင်ပွဲတွင် ဒုတိယဆုနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသူအား လည်းကောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဉပဒေချုပ် ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး တို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ ခရိုင်အားကစားကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြခန်းပေါင်း (၇၀)ကျော် ခင်းကျင်းပြသ‌ ဆောင်ရွက်ထားရှိမှုအား လှည့်လည် ကြည့်ရှုအားပးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း