မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် တေးသီချင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင်(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် တေးသီချင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီး ဉပဒေချုပ် ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တေးသီချင်း ဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတ ပွဲတော် နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြိုင်ပွဲဝင် အဆိုရှင်များမှ မဲကျရာတေးသီချင်း(၁)ပုဒ်စီနှင့် စိတ်ကြိုက်တေးသီးချင်း(၁)ပုဒ်စီ် ပါဝင်သီဆို ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော တိုင်းဒေသ ကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေါ်ဆူးမြတ်နန္ဒာနှင့် ဒုတိယဆု ရရှိခဲ့သော တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဦးအောင်ကိုမြတ်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက လည်းကောင်း၊ တတိယဆုရရှိခဲ့သော မကွေး ပညာရေးဒီဂရီကောလိပ်မှ ဦးတင်မိုးဝင်းအား စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်မှ လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီးဉပဒေချုပ် ဦဝင်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က ဆုများအသီးသီး ချီးမြှင့် ပေးအပ်ရာ ပထမဆု(၁၀)သိန်း၊ ဒုတိယဆု(၇)သိန်း၊ တတိယဆု(၅)သိန်းနှင့် နှစ်သိမ့်ဆုများအား (၂) သိန်းကျပ်စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တူရွှင်နွှဲပျော်ဂီတ ပွဲတော် တေးသီချင်းသီဆိုပြိုင်ပွဲကို ဖေဖော်ဝါရီလ(၉)ရက်နေ့မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ တေးသီချင်းပြိုင်ပွဲသို့ (၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း