မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးရာဝန်ကြီးမှ ငဖဲမြို့နယ် စာတတ်ကူကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမှုအားကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးရာဝန်ကြီးမှ ငဖဲမြို့နယ် စာတတ်ကူကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးမှုအားကြည့်ရှုစစ်ဆေး

ငဖဲ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် သည် မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာဝန်ကြီးဌာနရုံးမှ သာယာကုန်းကျေးရွာအုပ်စု စာတတ်ကူ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ယနေ့မွန်းလွဲ ၁နာရီခွဲအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သည် နံနက်ပိုင်းတွင် မင်းဘူး (စကု) မြို့နယ် မန်းရွှေစက်တော်ဘု ရားကြီးတွင် တည်ဆောက်ထားသည့် ဓါတ်လှေကားတာဝါအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဓါတ်လှေကားအားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာစီးနင်းနိုင်ရေးစနစ်တကျဆောင်ရွက်ထားရှိရန်နှင့် လျှပ်စစ်မီးမရရှိပါက မီးစက်ဖြင့် အော်တိုချိတ်ဆက်မောင်နှင်နိုင်ရေး ဆောင်ရွက်ထားရှိရန် မန်းရွှေစက်တော်ဘုရားဂေါပက အဖွဲ့အား ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် ငဖဲမြို့နယ် စာတတ်ကူကျေးရွာအခြေခံ ပညာ မူလတန်းလွန်ကျောင်းသို့ ရောက်ရှိလာရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဌာနရုံးမှ ဦးစီးမှူးဦးပွားမောင် နှင့် ဝန်ထမ်းများက ကျေးရွာပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများဆောင်ရွက် ပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာပြည်သူများနှင့်တွေ့ ဆုံ၍ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ မြို့နယ်မှပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုများ ၊နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတိုင်းအတွက် အသုံးဝင်အရေးပါပြီး မရှိမဖြစ်လိုအပ်သည့်အရာ ဖြစ်သည့်အတွက် ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်း၍ အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် စနစ် တကျထိန်းသိမ်း၍ကိုင်တွယ်အသုံးပြုကြရန် ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများကိုအကြိမ်ရေပြည့်ထိုးနှံကြရန်၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားက စားကို လိုက်ပါကစားကြရန်၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူများက ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ငဖဲမြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာဝန်ကြီးဌာနရုံးမှ ဦးစီးမှူးဦးပွားမောင် နှင့် ဝန်ထမ်းများက စာတတ်ကူကျေးရွာမှ နိုင်ငံ သားစိစစ်ရေးကတ်ပြားမပြု လုပ်ရသေးသူ ၃(က)ပြုလုပ်သူ ၁၈ ဦး ၊လဲလှယ် ၂၂ ဦးနှင့် မိတ္တူပြုလုပ်သူ ၇ ဦး စုစုပေါင်းပြည်သူ ( ၄၇ )ဦးအား အထောက်အထားများ စိစစ်ကာပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

May be an image of 3 people, people standing and outdoorsMay be an image of 4 people and people standingMay be an image of 5 people, people standing and outdoorsMay be an image of 5 people, child, people standing and people sittingMay be an image of 7 people, people standing and indoorMay be an image of 7 people, people standing and people sittingMay be an image of 7 people, people standing and people sitting

နောက်ဆုံးရ သတင်း