မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

မကွေး     ဧပြီ     ၂၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်း က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊အတွင်းရေးမှူး ဦးသန်းဆွေဝင်း နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ  မြို့သစ်မြို့နယ် လေးတိုင်စင် ကျေးရွာအုပ်စု စိုင်ကြံ(တ)တဲတိုက်သို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ပြီးစီးသည့် ဆိုလာသုံး စက်ရေတွင်းတူးဖော်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက  မြို့သစ်မြို့နယ်  စိုင်ကြံ(တ)တဲတိုက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ဆိုလာတပ်ဆင်ခြင်းနှင့် ရေအရည် အသွေး အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး၊ကျေးရွာပြည်သူများအား စည်းကမ်းတကျ သုံးစွဲကြရန် နှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့ (တောင်တွင်းကြီး-မြို့သစ်-နတ်မောက်) ကားလမ်းဘေး လယ်ပြင်ကွင်း တောင်သူ ဦးမြင့်ဆွေ၏ လယ်ကွက်အနီး ကျင်းပသည့် မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးအထူးဇုံစံပြ (၂၅)ဧက တင်း(၁၂၀)တင်းနှင့် အထက် ထွက်ရှိရေး ကွင်းသရုပ်ပြပွဲ့သို့ ရောက်ရှိခဲ့ပြီး  မြို့သစ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးလွင်က  နွေစပါး အထူးဇုံစံပြ(၂၅)ဧက တင်း(၁၂၀)တင်းနှင့်အထက် ထွက်ရှိရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့မှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံ တောင်သူ လယ်သမားများအတွက်  မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် စပါးအထွက်တိုး ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် မှာကြားဆောင်ရွက်ကာ၊ တက်ရောက်လာသော တောင်သူကြီးများ၏  သိရှိလိုသည့် တင်ပြဆွေးနွေးမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဏ္ဍ အလိုက် ပြန်လည်ရှင်းလင်းပြောကြားကာ၊ စိုက်ပျိုးရေးကဏ္ဍ လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် စွန်ချောင်းရေလှောင် တမံသို့ ရောက်ရှိခဲ့ပြီး ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေ၊စိုက်ပျိုးရေခွဲဝေပေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ၊ တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ဆည်ရေသောက်ဧရိယာအတွင်း စိစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျားထိ ရေပေးဝေနိုင်ရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် ကိုရံ- တ ကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းနှင့် Pipe Culvert တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ၊ အဆင့်မြင့်လယ်ယာဖော်ထုတ် ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး  တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ကိုရံ-တ  စိုက်ခင်းတွင် အသုံးပြုရန်အတွက်  သဘာဝ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်မျိုးစေ့)များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း