မကွေး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး မကွေးမြို့သည် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ် နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးအတွက် ဧပြီလ ၃၀ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ အောင်ရတနာရပ်ကွက် သုခိတာလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများမှ စုပေါင်းသန့်ရှင်း ရေး လုပ်ဆောင်နေမှုအား လာရောက် ကြည့်ရှု အားပေးသည်။
မကွေးမြို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှု အနေဖြင့် မကွေးမြို့ အောင်ရတနာ ရပ်ကွက်၊ သုခိတာလမ်းမှ တောင်တွင်းလမ်းအထိ သုခိတာလမ်းတစ်လျှောက်တွင် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်း အဖွဲ့ဝင်များ၊ ပရဟိတလူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ လမ်းဘေး ဝဲ/ယာရှိ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ အမှိုက်သရိုက်မျာအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်း စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ဆောင် နေမှုအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၈၈) ခြေမြန်တပ်မဌာချုပ် တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ကျာ်ဟန်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာ ကောက်ညှင်းပေါင်းနှင့် အချိုရည်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။