မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ သန့်ရှင်းရေးလုပ်ငန်းသုံးမော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ သန့်ရှင်းရေးလုပ်ငန်းသုံးမော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး   မေ    ၅

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ ၅ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေး၊ တည်ငြိမ်အေးချမ်းရေးများ ဆောင်ရွက်လျက်ရှိသလို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မိမိတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ မကွေးမြို့သည် တိုင်းဒေသကြီးမြို့တော်ဖြစ်၍ ကုန်စည်ဖလှယ် ရောင်းဝယ်ကူးသန်းမှုများ လူဦးရေထူထပ်များပြား လာသည်နှင့်အမျှနေ့စဉ်အမှိုက်ထွက်ရှိမှုသည်လည်း ပိုမိုများပြားလာကြောင်း၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ဈေးများ စည်းကမ်းတကျရှိရေး၊ မြို့တွင်းလမ်းများရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းလမ်းများ စနစ်တကျ ကောင်းမွန်ရေး၊ ပြည်သူ များ စိတ်လက်ကြည်သာ အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်ပေးရသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊ အမှိုက်ကို စည်းကမ်းမဲ့စွန့်ပစ်မည်ဆိုပါက လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပြီး လူထု ကျန်းမာရေးကိုလည်း ထိခိုက်လာမည်ဖြစ်၍ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြို့ဧရိယာအားလုံး အမှိုက်သိမ်းဆည်းမှု လွှမ်းခြုံရာခိုင်နှုန်း အား ရာနှုန်းပြည့်ဖြစ်စေရေးအတွက် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ မှုနှင့်အဖွဲ့ရန်ပုံငွေမှ ဝယ်ယူနိုင်မှုတို့ကြောင့် အမှိုက်သိမ်းယာဉ်များ ယခင်ထက်တိုးလာပြီး လမ်း ကြောင်း အသစ်များဖြင့်လည်းကောင်း၊ အကြိမ်ရေတိုး၍လည်းကောင်း သိမ်းဆည်းနိုင်ခဲ့သဖြင့် ယခုခါ မြို့ပေါ် ဧရိယာအမှိုက်သိမ်းဆည်းမှု(၁၀၀)ရာခိုင်နှုန်း သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များအနေဖြင့် လွှဲပြောင်းပေးလိုက်သည့် အမှိုက်သိမ်းယာဉ်များအား ရိုရိုသေသေ ကိုင်တွယ် ဆောင်ရွက်ကြရန်နှင့် “လွယ်လင့်တကူ အမှိုက်စွန့်ပစ်မှုမရှိစေဘဲ အမှိုက်ကားလာချိန် စောင့်ဆိုင်း၍ အမှိုက်ပစ်ရမည်”ဟူသော အသိစိတ်ဓာတ်များ မြို့နေပြည်သူများမှ နားလည်ခံယူ လာစေရေး စည်းရုံးဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ အမှိုက်သိမ်းဆည်းမှုအခြေအနေနှင့် အမှိုက်သိမ်းယာဉ်များ လွှဲပြောင်းပေးအပ်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော် ယာဉ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမှိုက် သိမ်းမော်တော်ယာဉ်များအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက အမှိုက်သိမ်းမော်တော်ယာဉ်များနှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြကြောင်းနှင့် အဆိုပါ သန့်ရှင်းရေးလုပ်ငန်းသုံး မော်တော်ယာဉ်များအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် မော်တော်ယာဉ် တစ်စီးလျှင် ငွေကျပ်(၂၈၈.၉)သိန်းဖြင့် အစီးရေ (၂၀)အား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း