မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မကွေး     မေ     ၇

မကွေးတိုင်းဒေသကြီး မြို့နယ်ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲတွင် ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပညာသင်နှစ်တစ်နှစ်လုံး ပြီးဆုံးအောင် အခက်အခဲအမျိုးမျိုးကြားက တာဝန်ကို စွမ်းစွမ်းတမံ ကျိုးပမ်းထမ်းဆောင်ခဲ့မှုအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် အနေဖြင့် ပညာရေးဝန်ထမ်း တစ်ဦးချင်းစီတိုင်းကို လေးလေးနက်နက်  အသိအမှတ်ပြုပါကြောင်း၊ ခုအလုပ်ရုံဆွေးနွေးပွဲမှာ ပညာရေးလုပ်ငန်းများနှင့် သက်ဆိုင်တဲ့ စီမံ၊ ဘဏ္ဍာ၊ ပညာ၊စီမံကိန်းကြီးကြပ်နဲ့ စီမံကိန်းစာရင်းအင်းဆိုင်ရာ ကဏ္ဍများနဲ့ လာမဲ့ပညာသင်နှစ်မှာ  မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မဲ့ တစ်နှစ်တာပညာရေးလုပ်ငန်းတွေကို ဆွေးနွေးဆုံးဖြတ် ကြမှာဖြစ်လို့ တိုင်းဒေသကြီးအတွက်များစွာ အထောက်ကူပြုမဲ့ ဆွေးနွေးပွဲဖြစ်လိမ့်မယ်လို့ မျှော်လင့် ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဦးတည်ချက်(၅)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၉)ရပ် ချမှတ်ထားပြီး ရှေ့လုပ်ငန်းစဉ်(၉)ရပ်၏ လူမှုရေးကဏ္ဍတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို ချမှတ်ထားကြောင်း၊ ပညာခေတ်ဖြစ်လို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ဖို့နဲ့ နိုင်ငံတော်အနေနဲ့ ကျောင်းသူ ကျောင်းသားတိုင်း အလယ်တန်း ပညာဖြစ်တဲ့ (KG+9)ကို သင်ယူပြီးမြောက်ဖို့  ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ တိုင်းဒေသကြီးအဆင့် စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကနေ ရရှိလာမဲ့ အသိပညာများကိုလုပ်ငန်းခွင်မှာ ပြန်လည်အသုံးချရင်း မြန်မာ နိုင်ငံပညာရေးကဏ္ဍ ပိုမိုမြင့်မားလာရေးကို ကျိုးပမ်းဆောင်ရွက်ပေးကြဖို့၊ မကွေးတိုင်းဒေသကြီးရဲ့ ပညာရေးတိုးတက်သည်ထက်တိုးတက်အောင် မြှင့်တင်ပေးကြဖို့နဲ့ ပညာရေးကသာ လူသားတွေရဲ့ ဘဝနဲ့ သူတို့ပတ်ဝန်းကျင်ကို ငြိမ်းချမ်းစေမှာဖြစ်လို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုံးလဝီရီယစိုက် ထုတ်ပြီး စွမ်းဆောင်ပေးကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး အလုပ်ရုံဆွေးနွေး ပွဲ တက်ရောက်လာသည့် မြို့နယ်ပညာရေးမှူးများနှင့်ကျောင်းအုပ်ကြီးများအား ထောက်ပံ့ငွေကျပ်(၅) သိန်းကို တိုင်းဒေသကြီးပညာရေးမှူးထံ ပေးအပ်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း