မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ နွေနှမ်းယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ နွေနှမ်းယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု

မကွေး     မေ     ၂၀

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မေလ ၂၀ ရက် ယနေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ ရောက်ရှိပြီး ကွင်းအမှတ်(၉၁၀)၊ဦးပိုင်အမှတ်(၂၂/၂)တွင် တောင်သူ ဦးမျိုးညွန့် စိုက်ပျိုးထားသည့် စမုံနက်၊ TBL BS7 ၊ဆင်းရတနာ(၃)၊ မကွေး(၂/၂၀၁၄) နွေနှမ်းယှဉ်ပြိုင် စမ်းသပ် ကွက်စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုပြီး၊ ရှင်းလင်းဆောင်ရွက်ရာတွင် ဒေသခံ တောင်သူများ နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် တောင်သူများ အနေဖြင့် အထွက်ကောင်းမွန်သည့် သက်ရင်မျိုး TBL BS7 ကို စမ်းသပ်စိုက်ပျိုးစေလိုကြောင်း၊ TBL BS7 မျိုးသည် လက်ရှိစိုက်ပျိုးနေသော နှမ်မျိုးထက် သက်တမ်း (၁)လခန့် လျော့နည်းသည့်အတွက် အချိန်ကုန် သက်သာသည့်အပြင် ရေကိုချွေတာနိုင်ခြင်း၊ အထွက် တိုးခြင်းများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ဒေသခံ တောင်သူများ၏ ရာသီ အလိုက်သီးနှံများ စိုက်ပျိုးဆောင်ရွက်ရာတွင် လိုအပ်ချက်တင်ပြခဲ့မှုများအပေါ် သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စမုံနက်၊ TBL BS7 ၊ဆင်းရတနာ(၃)၊ မကွေး(၂/၂၀၁၄) မျိုး(၄)မျိုးအနက် TBL BS7 မျိုး မှာ တစ်ပင်ပါသီးလုံးပိုများ၍ သက်တမ်းတိုသော နှမ်းနက်မျိုးဖြစ်ပါတယ်၊TBL BS7 မျိုးမှာ စိုက်ပျိုး ရေးသုတေသနမှ စတင်စမ်းသပ်စိုက်ပျိုးသော မျိုးဖြစ်ပြီး လက်ရှိ အခြေအနေအရ အောင်မြင်သော သီးလုံးများအဖြစ် ရရှိမည်ဆိုပါက  TBL BS7 မျိုးသည် ကျန်မျိုး(၃)မျိုးထက် အထွက်နှုန်း ပိုမိုထွက် ရှိမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက်ဆုံးရ သတင်း