မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်အနား တက်ရောက်အားပေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်အနား တက်ရောက်အားပေး

မကွေး   မေ  ၂၂

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီးကိုယ် ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနားကို ယမန်နေ့ ညနေ ၃ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေးကာ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။    

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့် က တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ် ပြိုင်ပွဲကို ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများဖြစ်လာစေပြီး ကျန်းမာရေး အတွက် ကာယလေ့ကျင့်ခန်းများ လိုက်စားရာမှ အားကစားကို ချစ်မြတ်နိုးသော စိတ်များပေါ်ပေါက် လာကာ မိမိတို့၏ ရှိရင်းစွဲ ပင်ကိုအလှ ပို၍လှပလာစေရန်နှင့် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော မြန်မာနိုင်ငံ၏ သမီးကောင်း မိခင်များအဖြစ် ရောက်ရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါ ကြောင်း၊ “ အမျိုးသမီးထု ကြံ့ခိုင်မှု ဖြင့် ကမ္ဘာ့အဆင့်မီ တက်လှမ်းမည်”ဆိုသည့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် လူရည်ချွန် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးအတွက် အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲမှတစ်ဆင့် အားကစား သမားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုရရှိစေရေး၊ မတူညီသော အတွေ့ အကြုံများ နည်းစနည်းများအား ဖလှယ်ကာ ကိုယ်လက်လှုပ် ရှားခြင်း၏ အကျိုးကျေးဇူးများကို သိရှိ မည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသမီးတိုင်း ကျန်းမာကြံ့ခိုင်မှ မိသားစုတာဝန်များ၊ လုပ်ငန်းတာဝန်များ သာမက နိုင်ငံ့တာဝန် များကိုပါ ကျေကျေပွန်ပွန် ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် ကိုယ်ကာယအလှမယ်များ အနေဖြင့် မိမိတို့ခရိုင်၊ တက္ကသိုလ်/ ကောလိပ်များ အောင်မြင်မှုရရှိစေရေး အတွက် အားက စားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန် အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြစေ လိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကိုယ်ကာယအလှမယ်ပြိုင်ပွဲဝင်များအားလုံး စင်ပေါ်တွင် ပမာဏ ယှဉ်ပြိုင်ခြင်း၊ တစ်ဦးချင်းကိုယ်ကာယအလှပြခြင်းများအား ယှဉ်ပြိုင်ခြင်းဆောင်ရွက်ခဲ့ပြီး ဝါသနာရှင် အဆိုရှင်များမှ တေးသီချင်းများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကိုယ်ကာယအလှမယ် ဇကာတင် ရွေးချယ်ခံရသည့် ကိုယ်ကာယအလှမယ် ပြိုင်ပွဲ ဝင်(၉)ဦးမှ စင်ပေါ်တွင်လမ်းလျှောက်ကိုယ်ကာယအလှပြသခြင်း၊ တစ်ဦးချင်းစိတ်ကြိုက်ကိုယ်ကာယ အလှပြခြင်းများ ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးခရိုင်ကိုယ်စားပြု အလှမယ်အား တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်း ဝင်းမြင့်မှ ဆုကလပ်သရဖူ၊ ကျိုင်း၊ စလွယ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆု ရရှိ သော သရက်ခရိုင်ကိုယ်စားပြု အလှမယ်အား ဆုကလပ်နှင့်ငွေသားဆုများကို အမှတ်(၈၈)ခြေမြန် တပ်မဌာနချုပ် တပ်မမှူး၏ ဇနီးမှ လည်းကောင်း၊ တတိယဆုရရှိသော မင်းဘူးခရိုင် ကိုယ်စားပြု အလှမယ်အား ဆုကလပ်နှင့် ငွေသားဆုမျာအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ ဥက္ကဌ ဒေါ်သီတာချိုမှ လည်းကောင်း၊ အထူးဆုရရှိသည့် အလှမယ်များအား ဆုကလပ်နှင့်ငွေသားဆုများအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း