မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲများ တက်ရောက် ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်  တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲများ တက်ရောက် ဖွင့်လှစ်

မကွေး   မေ   ၂၃

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်၍ ဖွင့်လှစ် ပေးခဲ့သည်။

ဦးစွာ တောင်တွင်းကြီးမြို့ ရွှေအိုး(၂) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်း ဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ) ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ လေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ကာ တိုင်းဒေသကြီ ဝန်ကြီးချုပ်က ကျောင်း ဆောင်သစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ အပြီးတည် ဆောက်ခဲ့တာဖြစ်ကြောင်း၊ စုစုပေါင်းရင်းနှီးမြှပ်နှံမှုတန်ဘိုး(၃၁၁.၂၂)သန်းကို နိုင်ငံတော်အနေဖြင့် ကျခံ သုံးစွဲပြီး ကျောင်းသား၊ကျောင်းသူများ အဆင့်မှီ ပညာသင်ကြားနိုင်ရေးကို ရည်ရွယ်ဆောက်လုပ် ပေးခဲ့တာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် ကျောင်း အပ်နှံရေး သီတင်းပတ်အဖြစ် ((၂၆-၅-၂၀၂၂) မှ(၁-၆-၂၀၂၂)နေ့ထိ သတ်မှတ်ခဲ့ပြီးဖြစ်၍ ကျောင်းသား မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများကို ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံ ကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ကျောင်းသား၊ကျောင်းသူများ အဆင့်မှီ ကျောင်းဆောင်များနဲ့ ပညာသင်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ကျောင်းဆောင် သစ်များ ဆောက်လုပ်ပေးခဲ့သလို သက်ဆိုင်ရာကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ အနေဖြင့်လည်း ကျောင်းဆောင်ရေရှည်တည်တံ့နိုင်ရေးအတွက် ဝိုင်းဝန်းထိန််း သိမ်းဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ) ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်တို့က ကျေးဇူးတင်စကားများ ပြောကြား ကာ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများကို တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် ရွှေအိုး(၁) မူလွန်ကျောင်းဆောင်သစ်မှာ အလျား ၁၂၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး ၂၆၆.၇၆ သန်းဖြင့်လည်းကောင်း၊ အထက(၄)ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေ × အနံ ၃၀ ပေ RC သုံးထပ်ဖြစ်ပြီး (၃၁၁.၂၂) သန်းဖြင့်လည်းကောင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း