မကွေး မေ ၂၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် မေလ ၂၂ ရက်နေ့ နံနက် ပိုင်းက လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်း နှင့်အတူ တိုင်း၊ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မြို့သစ်မြို့နယ် ဆဒ္ဒန်ရေလှောင်တမံသို့ ရောက်ရှိပြီး၊ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးကာ တမံရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ဆဒ္ဒန်တမံအတွင်း ဆည်ရေဝင်ရောက်မှု၊ သီးနှံစိုက်ပျိုး မှု၊ ဒေသခံ တောင်သူများအား စိုက်ပျိုးရေပေးဝေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်းသပ်ရပ် ကောင်းမွန် စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်း စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် မြောင်းဆုံး မြောင်းဖျား ထိ ရေးပေးဝေနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။