မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စုမှ တောင်သူများအား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များနှင့် မြေပဲသီးနှံ အထွက်တိုးစေရေး ဂျစ်ပဆန် (Gypsum)မြေသြဇာများ ထောက်ပံ့ပေးအပ်

မကွေး   မေ   ၂၃

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ် ပေပင်စမ်းကျေးရွာအုပ်စု၊ စိုင်ကျ ကျေးရွာ ကွင်းအမှတ်(၁၆၇၂)ဦးပိုင်အမှတ်(၉)တောင်သူ ဦးအောင်ဇော်မင်း၏ ယာမြေတွင် စိုက်ပျိုး ထားရှိသော မိုးမြေပဲ(မကွေး-၁၂)တွင် ပဲစဉ်းငုံ(ရွှေဒင်္ဂါး)သီးညှပ်ကို ၁၀ တန်း ၁ တန်း စိုက်ပျိုးထား သည့် ဆီထွက်သီးနှံမြေပဲ စံပြကွက်အား ကြည့်ရှုစစ်ဆေးကာ၊ ပေပင်စမ်းကျေးရွာအုပ်စု စိုင်ကျ ကျေးရွာနှင့် ရှော်တောကျေးရွာရှိ ဆီထွက်သီးနှံစိုက်တောင်သူ(၂၅)ဦးတို့နှင့် တွေ့ဆုံ၍ လယ်ယာ ကဏ္ဍလိုအပ်ချက်၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များနှင့် မြေပဲသီးနှံ အထွက်တိုးစေရေးအတွက် ဂျစ်ပဆန် (Gypsum) မြေသြဇာများအား ဒေသခံ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း