မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့ အမှတ်(၈၈) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့၌ ကျင်းပပြုသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့ အမှတ်(၈၈) ခြေလျင်တပ်ရင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့၌ ကျင်းပပြုသည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မင်းဘူး   မေ    ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူး၊ မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မေလ ၂၈ ရက်၊ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်းရှိ အောင်စစ်သည်ခန်းမ၌ ဖွင့်လှစ်သော လူသုံးကုန် ထုတ် လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ် (၉/၂၀၂၂)နှင့် မင်းဘူးမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲဗလခန်းမ၌ ဖွင့်လှစ်သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁၀/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

သင်းတန်းဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားရာ ဒေသတွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် လူမှုစီးပွား ဘဝ ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်မိသားစုဝင်များအနေဖြင့် သင်တန်းမှရရှိ လာသော ပြုလုပ်နည်းအဆင့်ဆင့်ကိုအခြေခံကာ အိမ်မှာနေရင်း တစ်ဖက်တစ်လမ်းမှ မိသားစုအပို ဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် အိမ်တွင်းထုတ်လုပ်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်စေလိုပါကြောင်း၊ အိမ်တွင်းမှုလုပ်ငန်းမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များရရှိအောင် ထုပ်ပိုးမှုပုံစံသစ်အမျိုးမျိုးဖြင့် တီထွင်ဖန်တီးမှုများပေါင်းစပ်၍ ကိုယ်ပိုင်လုပ်ငန်းရှင်းများဖြစ်သည်အထိ ကြိုစားဆောင်ရွက်သွားကြ စေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးနိုင်ထူးမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။

မင်းဘူးခရိုင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးက ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ဆပ်ပြာ၏ အခြေခံသဘောတရားများ၊ ဆပ်ပြာပြုလုပ်ရာတွင် ဆီအခြေခံအသုံးပြုပုံနှင့် ဓါတုဗေဒကုန်ကြမ်းပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ သဘာဝကြက်သွန်နီဆပ်ပြာ၊  လက်ဆေးဆပ်ပြာ၊ ကြက်သွန်နီခေါင်းလျော်ရည်၊ သဘာဝခေါင်း လျှော်ရည်၊  သဘာဝပန်းကန်ဆေးဆပ်ပြာ၊ မှန်ကြည်ဆေး၊ ရှားစောင်း ရေချိုးဆပ်ပြာရည်၊ ကြွေဂျီး ချွတ်ဆေး၊ Shower Handgel Shampoo နှင့် Scrub အမျိုးမျိုး၊ ဆန်၊ ရှားစောင်း၊ ပယင်း၊ သစ်ဂျပိုး၊ ကော်ဖီ၊ နနွင်း စသည့် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့်ပြုလုပ်သော ဆပ်ပြာခဲအမျိုးနှင့် စားသုံးသူ အကာအကွယ် ပေးရေးဥပဒေနှင့်ပတ်သက်သည်များအပြင် အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရားများ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ဖြင့် စနစ်တကျ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း