မကွေး မေ ၃၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေကြီးအဆင့် ဌာနဆိုင်ရာ များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၃၁ ရက် ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(စုပေါင်းရုံး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အဖွင့်အမှာ စကားပြောကြားရာ လုံခြုံရေးကဏ္ဍ အနေဖြင့် တပ်နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပေါင်းစပ်၍ ထူးခြားဖြစ်စဉ်များနှင့် တပ်နယ်အလိုက်၊ ခရိုင်အလိုက် လုံခြုံရေး အစည်းအဝေးများတွင် ရရှိထားသောသတင်းများကို ဂရုပြု ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ တွင် စစ်ဆေးသည့်အမှုများ သတ်မှတ်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမြန် ပြီးပြတ်နိုင်ရေး မကွေးတိုင်းဒေသကြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ကို ဖွဲ့စည်းထားရှိပါကြောင်း၊ နိုင်-၄ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး အတွင်း ခရိုင်/မြို့နယ်များအလိုက် နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာစာရင်းရေးသွင်းခြင်းနှင့် Software ရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးချုပ် အနေဖြင့် ရိုက်သွင်းရမည့် နိုင်နံပါတ်အရေအတွက်မှာ ၄၆၉၃၃၁၈ ဦး ဖြစ်ပြီး ယနေ့အထိ ကွန်ပျူတာစာရင်း ရေးသွင်းမှုမှာ ရာခိုင်နှုန်းအားဖြင့် ၇၈.၆၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နိုင်-၄ ရိုက်သွင်းမှုအား သတ်မှတ်ရက်ထက် စောစီးစွာပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တည်ဆောက်ရေးကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအဆင့် ဌာန/အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု/ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဆောင်ရွက်မည့် တည်ဆောက်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ဝန်ဆောင် မှုရယူခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ တင်ဒါလုပ်ငန်းစဉ်နဲ့ ငွေထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေ မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်တွေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး နှင့် ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီမှ အတည်ပြုချက် ရယူပြီးတော့ လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်လုပ်ငန်းပြီးစီးရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းတာဝန်တွေကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီး တစ်ခုဖြစ်တဲ့အတွက် ဆီထွက် သီးနှံများအဖြစ် မြေပဲ၊ နှမ်းတို့ကို အဓိကထားစိုက်ပျိုးခဲ့ပါကြောင်း၊ မွေးမြူရေးကဏ္ဍ အနေနဲ့လည်း မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန်အမျိုးအစား၊ အရေအတွက်အရ မွေးမြူရေးခြံအတွက် မြေနေရာ လိုအပ်ချက်၊ တိရစ္ဆာန် အစာပင်စိုက်ပျိုးရန်အတွက် မြေနေရာ လိုအပ်ချက် တွက်ချက်မှု စိစစ်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို မှာကြားလိုကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု တစ်တိုင်းလုံးအနေဖြင့် (၈၀.၈၉) ရာခိုင်နှုန်းအထိ လည်းကောင်း၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု တစ်တိုင်းလုံး အနေဖြင့် (၉၉.၉၆) ရာခိုင်နှုန်းအထိ လည်းကောင်း အောင်မြင်စွာ ထိုးနှံပြီးဖြစ်ကြောင်း၊ ပညာရေးကဏ္ဍအနေ ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများကို (၁၂.၅.၂၀၂၂) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်တိုင်ရာတပ်နယ်နှင့် ရဲတပ်ဖွဲ့ များသို့ ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအနေဖြင့် တိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အားကစားနည်း (၂၃) မျိုး ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြမှုအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ် ၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးထွန်းခင် ၊ ဥပဒေချုပ် ဦးဝင်းမြင့် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တို့က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး တင်ပြကြပြီး၊ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ လိုအပ်သည်များအားမှာကြား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။