မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး ဇွန်  ၄

၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူမြို့)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်သလို မကွေးတိုင်းဒေသကြီး သည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် ဆီထွက်သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်ရာ တိုင်းဒေသ ကြီးတစ်ခုလည်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏အရေးပါသော ကဏ္ဍတစ်ခုဖြစ်သလို စိုက်ပျိုးရေးပညာရှင်များအား မွေးထုတ်ပေးနေသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း အဓိကလုပ်ငန်း တာဝန်ကြီးတစ်ရပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးယုံသာမက မွေးမြူရေးပညာရှင်များပါ မွေးထုတ်ပေးနိုင်သည့် ကောင်းမွန်သော အလားလာရှိသည့် ကျောင်း တစ်ကျောင်းဖြစ်ပါကြောင်း၊  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အနာဂတ်မှာ တိုင်းပြည်၏ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ လုံခြုံစိတ်ချရသည့် အဝန်းအဝိုင်းမှာ နေထိုင်နိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ အင်တိုက် အား တိုက် အားပေးကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ) ကျောင်းအုပ်ကြီးမှ ကျောင်းသား/သူများအား ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က  မောင်မယ်သစ်လွင်များ အတွက် ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊(၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ်တွင် ပထမဆုရရှိခဲ့သော ကျောင်းသူတစ်ဦးနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပစ္စည်း များအား လည်းကောင်း၊(၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ဒုတိယနှစ်တွင် ဒုတိယဆုရရှိခဲ့သော ကျောင်းသူ အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းကလည်းကောင်း၊ တတိယဆု ရရှိသူအား တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးက လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ် ကာ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာဖြင့်  ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း