မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့်အတူ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက  မြို့သစ်မြို့နယ် လယ်ပြင် ကွင်းအမှတ်(၈၅)၊ မြေကွက်အမှတ်(၁၈၄) တောင်သူဦးမြင့်ဆွေ၏ နွေစပါးရတနာတိုး စိုက်ခင်းစံကွက် ရိတ်သိမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းသွားရောက်၍ ကြည့်ရှုအားပေးသည်။

           နွေစပါးစံကွက်ရိတ်သိမ်ရာတွင် မြို့သစ်မြို့နယ်လယ်ယာမြေစီမံခန့်ခွံရေးနှင့် စာရင်းအင်းဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတို့မှ စိုက်ပျိုးထားရှိမှု၊ ရိတ်သိမ်းဆောင်ရွက်မှု အခြေအနေ များနှင့် ကောက်ကွက် ၊ ပင်ပွား ၊ တစ်နှံပါအောင်စေ့များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မျှော်မှန်း အထွက်နှုန်း ၁၂ဝ တင်းထွက်ရှိရန် မျှော်မှန်းကြောင်း၊ မြို့သစ်မြို့နယ်၏ ၂၀၂၁- ၂၀၂၂ ခုနှစ် နွေစပါး ကျေးရွာအုပ်စုအလိုက် စိုက်ပျိုးထားရှိမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြ ခဲ့သည်။

           ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သီးနှံစိုက်ပျိုးထွက်ရှိခဲ့မှု အခြေအနေအား မေးမြန်းရာ တောင်သူ ဦးမြင့်ဆွေက နွေစပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရန်မျှော်မှန်းထားကြောင်း ခုလက်ရှိတွင် တစ်ဧကအစိုထွက်(၁၁၈)တင်း ထွက်ရှိခဲ့ပြီး အခြောက်(၁၁၁.၃၈)တင်း ထွက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

           ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ အခက်အခဲနှင့် လိုအပ်ချက်များရှိမရှိ မေးမြန်းဆွေးနွေးကာ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ အဆင်ပြေလွယ်ကူစွာ ရရှိရေးနှင့် အခြားလိုအပ်ချက် တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊  တက်ရောက် လာသည့် တောင်သူများအား လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းကာ သီးနှံများ အထွက်တိုးအောင် စိုက်ပျိုးထုတ်လုပ်၍ ဈေးကွက်ကောင်းရရှိအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ တစ်နှစ်လျှင် သုံးသီးဝင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပါမှ တောင်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သီးနှံများ တိုးချဲ့ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးကို တဖက်တလမ်းမှ အထောက်အကူ ပြုနိုင်မှာဖြစ်ကြောင်း၊ မြို့သစ်မြို့နယ်ရှိ တောင်သူကြီးများ အနေဖြင့် ဆည်ရေကိုအကျိုးရှိစွာ အသုံးချ ၍သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး  လမ်းညွှန်မှာကြားကာ၊ စိုက်ပျိုးသီးနှံ အထွက် နူန်းတိုးတက် မြှင့်မားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း