မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

မကွေး      ဩဂုတ်  ၂၂

           ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို  သြဂုတ်လ ၂၂ ရက် ယမန်နေ့ ညနေ ၄ နာရီအချိန်က မကွေးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားကစား သမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မင်းဘူးခရိုင်အသင်းနှင့် သရက်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ကစားပွဲ ချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် သရက်ခရိုင် အသင်းမှ (၄)ဂိုး (၃)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အသက် (၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုး သမားဆု၊ အကောင်းဆုံးနောက်တန်း ကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ အကောင်းဆုံး အားကစားသမားဆုနှင့် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မင်းဘူးခရိုင်အသင်း နှင့် အနိုင်ရဗိုလ်စွဲခဲ့သော သရက်ခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်း ဆွဲပြားများ၊ ဆုကလပ်နှင့် ငွေသားဆုများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်လူငယ် ကစားသမားများ အားကစား လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်း မြင့်မားလာပြီး စုပေါင်းလှုပ်ရှားသော အလေ့အကျင့် ကောင်းများရရှိလာကာ  တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် ဘောလုံးအားကစား သမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အားကစား နည်းမျိုးစုံကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း